ကမ္ဘာ​ဦး 27:13-16 Judson Bible (BJB)

13. အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊

14. သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သောအမဲဟင်းလျာကို ချက်လေ၏။

15. ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊

16. ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌၎င်း၊ လည်ပင်းချောသော ဘက်၌၎င်း ဆင်ယင်ပြီးလျှင်၊

ကမ္ဘာ​ဦး 27