9. ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
10. အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစုံတယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊
11. ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12. ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တနှစ်ခြင်းတွင် အဆတရာသော အသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
13. သူသည်ကြီးပွား၍၊ အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာ ဖြစ်လေ၏။
14. သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည်သူ့ကိုငြူစူကြ၏။
15. အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16. အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊