24. ထိုနေ့ညမှာ ထာဝရဘုရားသည်ထင်ရှား၍၊ ငါသည် သင်၏အဘအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန့်တော်မူ၏။
25. ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏။ တဲကိုလည်းတည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကိုတူးကြ၏။
26. ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကိုခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
27. ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပျင်း၍နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့်လာကြသနည်းဟုမေးလျှင်၊
28. ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
29. ငါတို့သည်သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သားတို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ပါ၏ဟု ဆိုကြလေသော်၊
30. ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။
31. နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦးသစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။