ကမ္ဘာ​ဦး 26:19-24 Judson Bible (BJB)

19. ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။

20. ဂေရာအမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။

21. နောက်တဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။

22. ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသော ရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့် မှည့်သတည်း။

23. တဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။

24. ထိုနေ့ညမှာ ထာဝရဘုရားသည်ထင်ရှား၍၊ ငါသည် သင်၏အဘအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ​ဦး 26