27. သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
28. ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကားယာကုပ်ကို ချစ်၏။
29. တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသောကြောင့်၊
30. ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကိုဧဒုံဟုတွင်သတည်း။
31. ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါဟုဆိုလျှင်၊
32. ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။
33. ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကိုရောင်းလေ၏။
34. ထိုအခါ ယာကုပ်သည်၊ မုန်နှင့်ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။