8. မိန်းမသည် သင်နှင့်အတူမလိုက်လိုလျှင်၊ သင်သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9. ကျွန်သည် သခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျိန်ဆိုလေ၏။
10. ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလားအုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါတာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11. မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင်ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
12. အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ဘုရားသခင် ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်အကြံကိုထမြောက်စေ၍၊ အကျွန်ုပ်၏သခင်အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13. အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည်တွင်၊