ကမ္ဘာ​ဦး 24:1-6 Judson Bible (BJB)

1. အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကိုကောင်းကြီးပေးတော်မူပြီ။

2. အာဗြဟံသည်၊ မိမိအိမ်သားတို့တွင်အသက်ကြီး၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊

3. သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊

4. ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင်ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။

5. ကျွန်ကလည်း၊ မိန်းမသည် ဤပြည်သို့ကိုယ်တော်၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊

6. အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွားနှင့်။ သတိပြုလော့။

ကမ္ဘာ​ဦး 24