11. အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12. အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
13. ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။
14. ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
15. ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
16. အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။
17. ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
18. ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာအပ်ပေးလေ၏။
19. ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သတည်း။
20. ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချၖိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။