ကမ္ဘာ​ဦး 23:1-8 Judson Bible (BJB)

1. စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက် အသက်ကြီးသော်၊

2. ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှါလာ၏။

3. အာဗြဟံသည် မိမိမယားအသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊

4. ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချၖိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။

5. ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နားထောင်ပါ။

6. ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချၖိုင်းများတွင်ရွေး၍၊ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချၖိုင်းကိုမပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ၏။

7. အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊

8. ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။

ကမ္ဘာ​ဦး 23