18. သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။
19. ထိုအခါအာဗြဟံသည် ငယ်သားတို့ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရ ေရှဗအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
20. ထိုနောက်မှ၊ အာဗြဟံကြားသောသိတင်းစကားဟူမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ။
21. သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊
22. ခေသက်၊ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊
23. သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဘွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
24. ရုမာအမည်ရှိသော နာခေါ်၏ မယားငယ်သည်လည်း တေဘဂါဟံ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ၏။