27. အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။
28. အာဗြဟံသည်လည်း သိုးသငယ်မခုနစ်ကောင်တို့ကို သိုးစုနှင့်ခွဲထားလေ၏။
29. အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုးသငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟုမေးသော်၊
30. အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီးဟု ဤသိုးသငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌သက်သေဖြစ်မည်အကြောင်း သူတို့ကို သင်သည်ငါ့လက်မှခံယူရမည်ဟု ဆိုလေ၏။
31. သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။
32. ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည်ထ၍ ဖိလိတ္တိပြည်သို့ ပြန်ကြ၏။
33. အာဗြဟံသည် ဗေရရှဘအရပ်၌ မန်ကျည်းပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကိုပဌနာပြုလေ၏။
34. ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာတည်းနေသတည်း။