ကမ္ဘာ​ဦး 20:15-18 Judson Bible (BJB)

15. အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။

16. စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေတထောင်ကိုငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ၌အဆုံးအမခံရ၏။

17. အာဗြဟံသည်လည်း၊ ဘုရားသခင်ကိုဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့် သူ၏ မယား၊ သူ၏ကျွန်မတို့ကိုအနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဘွားကြ၏။

18. အထက်က အာဗြဟံ၏မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်၏အိမ်သူ၊ မိန်းမတယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စီရင်တော်မူသတည်း။

ကမ္ဘာ​ဦး 20