ကမ္ဘာ​ဦး 19:24-31 Judson Bible (BJB)

24. ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။

25. ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ်တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။

26. လောတ၏မယားမူကား နောက်သို့ လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။

27. နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့သွားပြီးလျှင်၊

28. သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။

29. ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာရှိသောမြို့တို့ကို ဖျက်ဆီးသောအခါ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသောမြို့တို့ကို မှောက်လှဲသောအခါ မှောက်လှဲရာထဲကလောတကို လွှတ်လိုက်တော်မူ၏။

30. လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌နေ၏။

31. သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာမရှိ။

ကမ္ဘာ​ဦး 19