ကမ္ဘာ​ဦး 18:7-16 Judson Bible (BJB)

7. တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သောနွားသငယ်ကိုယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင်စေ၏။

8. ထိုနောက် နို့နှင့်နို့ဓမ်းကို၎င်း၊ ပြင်ဆင်သော နွားသငယ်ကို၎င်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည် စားကြ၏။

9. ပြီးသောအခါ၊ သင်၏မယားစာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊ တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏။

10. ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါသင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနားမှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။

11. ထိုအခါ အာဗြဟံနှင့် စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည့်အတိုင်း မရောက်ပြီ။

12. ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်၊ တိတ်ဆိတ်စွာရယ်လေ၏။

13. သင်၏မယားစာရာက၊ အကယ်၍ ငါသည်အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း။

14. ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခုရှိသလော။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။

15. စာရာကလည်း ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟု မိန့်တော်မူ၏။

16. ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှါ လိုက်လေ၏။

ကမ္ဘာ​ဦး 18