ကမ္ဘာ​ဦး 18:31-33 Judson Bible (BJB)

31. တဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

32. အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

33. ထာဝရဘုရားသည် အာဗြဟံနှင့် နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှ ကြွသွားတော်မူ၏။ အာဗြံဟံသည်လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။

ကမ္ဘာ​ဦး 18