ကမ္ဘာ​ဦး 16:11-15 Judson Bible (BJB)

11. သင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။

12. သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏အပါး၌နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။

13. ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။

14. ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။

15. ထိုနောက် ဟာဂရသည်အာဗြံအား သားကိုဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင်မြင်သောသားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။

ကမ္ဘာ​ဦး 16