ကမ္ဘာ​ဦး 14:16-21 Judson Bible (BJB)

16. ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများနှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။

17. ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။

18. အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊

19. ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသောဟု၊ အာဗြံကိုကောင်းကြီးပေး၍၊

20. သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့တဘို့လှူလေ၏။

21. သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊

ကမ္ဘာ​ဦး 14