ကမ္ဘာ​ဦး 14:1-12 Judson Bible (BJB)

1. ထိုရောအခါ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊

2. သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီးဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီးရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။

3. ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။

4. တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။

5. တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့်တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူများကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊

6. စိရတောင်ပေါ်မှာဟောရိလူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။

7. တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။

8. ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည်ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။

9. ထိုသို့ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။

10. စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သောတွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။

11. အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။

12. သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။

ကမ္ဘာ​ဦး 14