26. ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
27. ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
28. ဩဗလအဘိမေလ၊ ရှေဘ၊
29. ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။
30. သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့မျက်နှာ၌ သေဖာတောင်တိုင်အောင် ရှိသတည်း။
31. ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်းတို့၌နေသော ရှေမသားများဖြစ်သတည်း။
32. ဤေရွ့ကား မိမိတို့အမျိုးအနွယ် အသီးသီးအလိုက်မှတ်သားထားသော နောဧသား ဆွေစဉ်မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသောတိုင်းပြည်တို့ကို တည်ထောင်ကြလေ၏။