ကမ္ဘာ​ဦး 10:25-30 Judson Bible (BJB)

25. ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။

26. ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

27. ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊

28. ဩဗလအဘိမေလ၊ ရှေဘ၊

29. ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။

30. သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့မျက်နှာ၌ သေဖာတောင်တိုင်အောင် ရှိသတည်း။

ကမ္ဘာ​ဦး 10