ကမ္ဘာ​ဦး 10:20-26 Judson Bible (BJB)

20. ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်အပြည်အတိုင်းတိုင်း၌နေသော ဟာမသားများဖြစ်သတည်း။

21. ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။

22. ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။

23. အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။

24. အာဖာဇဒ်သားရှာလ၊ ရှာလသားဟေဗာတည်း။

25. ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။

26. ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

ကမ္ဘာ​ဦး 10