ကမ္ဘာ​ဦး 10:17-30 Judson Bible (BJB)

17. ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊

18. အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြလေ၏။

19. ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း၊ တဖန်သောဒုံမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်၎င်း ရှိသတည်း။

20. ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်အပြည်အတိုင်းတိုင်း၌နေသော ဟာမသားများဖြစ်သတည်း။

21. ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။

22. ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။

23. အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။

24. အာဖာဇဒ်သားရှာလ၊ ရှာလသားဟေဗာတည်း။

25. ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။

26. ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

27. ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊

28. ဩဗလအဘိမေလ၊ ရှေဘ၊

29. ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။

30. သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့မျက်နှာ၌ သေဖာတောင်တိုင်အောင် ရှိသတည်း။

ကမ္ဘာ​ဦး 10