ကမ္ဘာ​ဦး 10:10-17 Judson Bible (BJB)

10. သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။

11. ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေေဝမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကို၎င်း၊

12. နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသောမြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက်လေ၏။

13. မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊

14. ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။

15. ခါနာန်သားအကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။

16. ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိလူ၊

17. ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊

ကမ္ဘာ​ဦး 10