ကမ္ဘာ​ဦး 10:1-12 Judson Bible (BJB)

1. ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။

2. ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။

3. ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ်၊ တော်ဂမတည်း။

4. ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။

5. ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံမြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ်အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။

6. ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။

7. ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။

8. ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏။

9. ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။

10. သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။

11. ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေေဝမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကို၎င်း၊

12. နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသောမြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက်လေ၏။

ကမ္ဘာ​ဦး 10