6. ထိုနောက်သူတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင် သွားပြီးလျှင် လူငယ်ပရောဖက်သည်ယေဟု ၏ဦးခေါင်းပေါ်သို့သံလွင်ဆီကိုသွန်းလောင်း ကာ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်အား ဣသရေလဘုရင်အဖြစ်ဘိသိက်ပေး၏။-
7. ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
8. အာဟပ်၏မိသားစုနှင့်သူ၏မြေးအပေါင်း တို့သည်သေရကြမည်။ သူ၏မိသားစုမှ ယောကျာ်းမှန်သမျှကိုကြီးငယ်မရွေးငါ ပယ်ရှားမည်။-
9. ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
10. ယေဇဗေလ၏အလောင်းကိုသင်္ဂြိုဟ်ရလိမ့် မည်မဟုတ်။ သူ၏အလောင်းသည်ယေဇရေလ အရပ်တွင် ခွေးစာဖြစ်လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ ထိုနောက်ပရောဖက်ငယ် သည်အခန်းထဲမှထွက်ပြေးလေ၏။