၄ ရာ 9:3-7 Common Language Bible (BCL)

3. ဤ​ဆီ​ကို​သူ​၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​၍ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏' ဟု​မိန့်​တော် မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မှာ​ကြား​လိုက်​၏။

4. သို့​ဖြစ်​၍​ပ​ရော​ဖက်​ငယ်​သည်​ရာ​မုတ်​မြို့ သို့​သွား​ရာ၊-

5. ထို​အ​ရပ်​တွင်​တပ်​မှူး​များ​တိုင်​ပင်​နေ​ကြ​သည် ကို​တွေ့​လျှင်``တပ်​မှူး​မင်း၊ အ​ကျွန်ုပ်​သည်​အ​ရှင့် အ​တွက်​သ​တင်း​ယူ​ဆောင်​လာ​ပါ​သည်'' ဟု ဆို​၏။ယေ​ဟု​က``ငါ​တို့​အ​နက်​မည်​သူ့​အ​တွက်​နည်း'' ဟု​မေး​၏။ထို​အ​ခါ​ပ​ရော​ဖက်​ငယ်​က``အ​ရှင့်​အ​တွက် ဖြစ်​ပါ​သည်'' ဟု​ဆို​၏။-

6. ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-

7. ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-

၄ ရာ 9