၄ ရာ 9:18-20 Common Language Bible (BCL)

18. မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-

19. မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။

20. ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။

၄ ရာ 9