4. ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။-
5. သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
6. မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။
7. ရှုရိဘုရင်ဗင်္ဟာဒဒ်နာမကျန်းရှိတော်မူ ချိန်၌ ဧလိရှဲသည်ဒမာသက်မြို့သို့ရောက် ရှိလာ၏။ ဧလိရှဲရောက်ရှိနေကြောင်းမင်း ကြီးကြားသိတော်မူသောအခါ၊-
8. အမတ်တစ်ဦးဖြစ်သောဟာဇေလအား လက်ဆောင်ယူပြီးလျှင် ပရောဖက်ထံသို့ သွား၍မိမိသည်ပြန်လည်ကျန်းမာလာ မည်မလာမည်ကိုထာဝရဘုရားအား မေးမြန်းလျှောက်စေရန်စေလွှတ်တော်မူ၏။-
9. ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
10. ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။-
11. ထိုနောက်ဧလိရှဲသည်ဟာဇေလအားအနေ ခက်စေသည့်တိုင်အောင် ထိတ်လန့်သည့်အမူ အရာဖြင့်စိုက်၍ကြည့်ပြီးလျှင်ငိုလေ၏။-
12. ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။
13. ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။ဧလိရှဲက``သင်သည်ရှုရိပြည်ကိုစိုးစံရလိမ့် မည်ဖြစ်ကြောင်း ငါ့အားထာဝရဘုရားဖော်ပြ တော်မူလေပြီ'' ဟုဆို၏။
14. ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင်``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
15. သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။
18. သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-