1. ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
2. ထိုအမျိုးသမီးသည်ဧလိရှဲညွှန်ကြားသည့် အတိုင်း မိမိ၏မိသားစုနှင့်အတူဖိလိတ္တိပြည် သို့သွားရောက်၍ခုနစ်နှစ်တိုင်တိုင်နေထိုင်လေ သည်။
3. ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။-
4. ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။-
16-17. ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-