၄ ရာ 7:3-8 Common Language Bible (BCL)

3. အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-

4. မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

5. ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-

6. ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-

7. သို့​ဖြစ်​၍​ထို​ည​ဦး​၌​သူ​တို့​သည်​မိ​မိ​တို့​၏ တဲ​များ၊ မြင်း​များ​နှင့်​မြည်း​တို့​ကို​စွန့်​ကာ အ သက်​ဘေး​မှ​လွတ်​ရန်​ထွက်​ပြေး​ကြ​ကုန်​၏။ သူ တို့​၏​တပ်​စ​ခန်း​ကို​မူ​ရှိ​မြဲ​အ​တိုင်း​ထား​ခဲ့ ကြ​၏။

8. ထို​သူ​လေး​ယောက်​တို့​သည်​တပ်​စ​ခန်း​အ​စပ် သို့​ရောက်​သော​အ​ခါ တဲ​တစ်​ခု​ကို​ဝင်​၍​ထို တဲ​တွင်​ရှိ​သော​အ​စား​အ​စာ​များ​ကို​စား သောက်​ကြ​၏။ ထို​နောက်​မိ​မိ​တို့​တွေ့​ရှိ​သည့် ရွှေ၊ ငွေ၊ အဝတ်​အ​စား​များ​ကို​ယူ​၍​ထွက်​သွား ပြီး​လျှင် ထို​ပစ္စည်း​များ​ကို​ဝှက်​ထား​ကြ​၏။ သူ တို့​သည်​နောက်​တစ်​ဖန်​ပြန်​လာ​၍ အ​ခြား​တဲ တစ်​ခု​သို့​ဝင်​ကာ​ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-

၄ ရာ 7