18. ဧလိရှဲက``နောက်တစ်နေ့ဤအချိန်ရောက် လျှင် ရှမာရိမြို့စျေးထဲတွင်အကောင်းဆုံး ဂျုံဆန်ဆယ်ပေါင် သို့မဟုတ်မုယောဆန်ပေါင် နှစ်ဆယ်ကိုငွေသားတစ်ကျပ်နှင့်ရောင်းချ ကြလိမ့်မည်'' ဟုမင်းကြီးအားလျှောက်ထား သောအခါ၊-
19. ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။-
20. ဧလိရှဲပြောကြားခဲ့သည့်အတိုင်းပင်တပ် မှူးသည် မြို့တံခါးဝတွင်လူတို့နင်းမိကြ သဖြင့်သေလေသတည်း။