၄ ရာ 7:1-2 Common Language Bible (BCL)

1. ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။

2. မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဖြင့် လိုက်​ပါ လာ​သည့်​တပ်​မှူး​က``အ​ကယ်​၍​ထာ​ဝရ​ဘု​ရား ကိုယ်​တော်​တိုင်​ပင်​လျှင်​မိုး​ကို​ချက်​ချင်း​ရွာ​စေ ကာ​မူ ဤ​သို့​ဖြစ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက်​သည်​ကို တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း စား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​၏။

၄ ရာ 7