၄ ရာ 6:22-25 Common Language Bible (BCL)

22. ဧ​လိ​ရှဲ​က``မ​သတ်​ပါ​နှင့်။ တိုက်​ပွဲ​တွင်​ဖမ်း​ဆီး​ရ မိ​သည့်​စစ်​သည်​များ​ကို​ပင်​လျှင်​သတ်​ရ​သည်​မ ဟုတ်​ပါ။ သူ​တို့​အား​စား​သောက်​ဖွယ်​ရာ​များ​ကို ကျွေး​မွေး​၍ သူ​တို့​၏​ဘု​ရင်​ထံ​သို့​ပြန်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​ဆို​၏။-

23. သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။

24. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ရှု​ရိ​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဣသ​ရေ​လ​ပြည်​သို့​မိ​မိ​၏​တပ်​မ တော်​တစ်​ခု​လုံး​နှင့်​ချီ​တက်​၍​ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ရံ​ထား​သ​ဖြင့်၊-

25. မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။

၄ ရာ 6