၄ ရာ 6:11-20 Common Language Bible (BCL)

11. ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

12. တပ်​မှူး​တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ အ​ဘယ် သူ​မျှ​မ​ပါ​ပါ။ ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​အ​ရှင် ၏​အိမ်​ခန်း​တွင်​တီး​တိုး​ပြော​သည့်​စ​ကား​ကို ပင် ဣသ​ရေ​လ​ဘု​ရင်​အား​သံ​တော်​ဦး​တင် ပါ​၏'' ဟု​လျှောက်​၏။

13. မင်း​ကြီး​က``ထို​သူ​အ​ဘယ်​မှာ​ရှိ​သည်​ကို စုံ​စမ်း​ကြ​လော့။ သူ့​အား​ငါ​ဖမ်း​ဆီး​မည်'' ဟု​မိန့်​တော်​မူ​၏။မင်း​ကြီး​သည်​ဒေါ​သန်​မြို့​တွင်​ဧ​လိ​ရှဲ​ရှိ​နေ ကြောင်း ကြား​သိ​တော်​မူ​သော​အ​ခါ-

14. မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​ထို​အ​ရပ်​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​ညဥ့်​အ​ချိန်​၌​ရောက်​ရှိ​လာ​ကာ​ထို မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-

15. နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဧ​လိ​ရှဲ​၏ အ​စေ​ခံ​သည်​ထ​၍​အိမ်​ပြင်​သို့​ထွက်​လိုက်​ရာ မြို့​ကို​ဝိုင်း​ရံ​ထား​သော​ရှု​ရိ​တပ်​သား​များ​နှင့် တ​ကွ​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ကို မြင်​လေ​၏။ သူ​သည်​ဧ​လိ​ရှဲ​ထံ​သို့​ပြန်​လာ​ပြီး လျှင်``ကျွန်​တော်​တို့​ခက်​ချေ​ပြီ။ အ​ဘယ်​သို့​ပြု ရ​ကြ​ပါ​မည်​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။

16. ဧ​လိ​ရှဲ​က``မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်​၌​ရှိ​နေ သူ​တို့​သည် သူ​တို့​ဘက်​၌​ရှိ​နေ​သူ​တို့​ထက် ပို​မို​များ​ပြား​၏'' ဟု​ဆို​၏။-

17. ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။

18. ရှု​ရိ​တပ်​ချဉ်း​ကပ်​လာ​သော​အခါ​ဧ​လိ​ရှဲ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထို​သူ​တို့​အား​မျက်​စိ​ကွယ် စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မျက်​စိ ကွယ်​စေ​တော်​မူ​၏။-

19. ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​သူ​တို့​ထံ​သို့​သွား​ပြီး လျှင်``သင်​တို့​လမ်း​မှား​နေ​ကြ​သည်။ ဤ​မြို့​သည် သင်​တို့​ရှာ​သော​မြို့​မ​ဟုတ်။ ငါ့​နောက်​သို့​လိုက် ခဲ့​ကြ​လော့။ သင်​တို့​အ​လို​ရှိ​သူ​ထံ​သို့​ငါ​ပို့ ဆောင်​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​ထို​သူ​တို့ အား​ရှ​မာ​ရိ​မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။

20. သူ​တို့​မြို့​တွင်း​သို့​ဝင်​ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် ဧ​လိ​ရှဲ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​တို့​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​၍​တစ်​ဖန်​မြင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း​ထာ​ဝရ ဘု​ရား​သည် သူ​တို့​အား​မျက်​စိ​အ​လင်း​ကို ပြန်​၍​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည် ရှ​မာ​ရိ​မြို့​တွင်း​သို့​ရောက်​ရှိ​နေ​သည်​ကို မြင်​ရ​ကြ​၏။

၄ ရာ 6