21. နေမန်၏နောက်သို့လိုက်လေ၏။ နေမန်သည်မိမိ ၏နောက်သို့လူတစ်ယောက်လိုက်လာသည်ကိုမြင် သောအခါ ထိုသူနှင့်တွေ့ဆုံရန်ရထားပေါ်မှ ဆင်း၍``အရေးကိစ္စတစ်စုံတစ်ရာရှိပါသလော'' ဟုမေး၏။
22. ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
23. နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။-
24. သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။-
25. သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။