၄ ရာ 4:32-42 Common Language Bible (BCL)

32. ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-

33. သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-

34. ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-

35. ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-

36. ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-

37. အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။

38. အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-

39. ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-

40. ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-

41. ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။

42. အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-

၄ ရာ 4