၄ ရာ 4:32-36 Common Language Bible (BCL)

32. ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-

33. သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-

34. ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-

35. ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-

36. ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-

၄ ရာ 4