16. သို့ဖြစ်၍ဧလိရှဲက``ထာဝရဘုရားက`ခြောက် သွေ့လျက်ရှိသည့်ဤချောင်းတွင်မြောင်းများကို တူးလော့။-
17. သင်တို့သည်မိုးနှင့်လေကိုမတွေ့မမြင်ရသော် လည်း ဤချောင်းသည်ရေပြည့်လိမ့်မည်။ သင်တို့နှင့် သင်တို့၏သိုးနွားများဝန်တင်တိရစ္ဆာန်များ အတွက် သောက်သုံးရန်ရေအလုံအလောက်ရရှိ လိမ့်မည်' ဟုဘုရားသခင်မိန့်တော်မူပြီ'' ဟု ဆို၏။-
18. ထို့နောက်ဧလိရှဲသည်ဆက်၍``ဤအမှုသည် ထာဝရဘုရားပြုရန်လွယ်ကူသောအမှု ဖြစ်၏။ ကိုယ်တော်သည်မောဘပြည်သားတို့ အား သင်တို့၏လက်သို့အပ်တော်မူလိမ့်မည်။-
19. သင်တို့သည်ထိုသူတို့၏လှပသည့်ခံတပ်မြို့ များကိုသိမ်းယူ၍ သစ်သီးပင်ရှိသမျှကိုခုတ် လှဲပစ်ကြလိမ့်မည်။ သူတို့၏စမ်းရေတွင်းရှိသမျှ ကိုပိတ်ဆို့ကာ မြေကောင်းမြေသန့်ရှိသမျှတို့ ကိုကျောက်ခဲများနှင့်ဖုံး၍ဖျက်ဆီးကြလိမ့် မည်'' ဟုဆင့်ဆို၏။
20. နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။
21. ဘုရင်သုံးပါးတို့စစ်ချီလာကြကြောင်းမောဘ ပြည်သားတို့သိရှိလာကြသောအခါ သူတို့သည် လက်နက်ကိုင်ဆောင်နိုင်သူအကြီးဆုံးမှအငယ် ဆုံးတိုင်အောင် ရှိသမျှသောလူတို့ကိုစုရုံးစေ ၍ နယ်စပ်တွင်နေရာယူစေကြ၏။-
22. နောက်တစ်နေ့နံနက်သူတို့အိပ်ယာမှနိုးထချိန်၌ နေသည်ရေပေါ်တွင်အရောင်ဟပ်သဖြင့် ရေကို သွေးကဲ့သို့နီမြန်းသောအသွင်ကိုဆောင်စေ၏။-
23. မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။
24. သို့ရာတွင်ထိုတပ်စခန်းသို့သူတို့ရောက်ရှိလာ ကြသောအခါ ဣသရေလအမျိုးသားတို့က သူတို့အားတိုက်ခိုက်နှင်ထုတ်ကြလေသည်။ ဣသရေလအမျိုးသားတို့သည်မောဘပြည် သားတို့အား ဆက်လက်လိုက်လံသတ်ဖြတ်ပြီး လျှင်သူတို့၏မြို့များကိုဖျက်ဆီးကြ၏။-
25. မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
26. မောဘဘုရင်သည်မိမိရှုံးနိမ့်လျက်ရှိကြောင်း ကိုသိသောအခါ ဋ္ဌားကိုင်စစ်သူရဲခုနစ်ရာကို ခေါ်၍ရန်သူ၏တပ်ကိုထိုးဖောက်ပြီးလျှင် ရှုရိ ဘုရင်ထံသို့ထွက်ပြေးရန်အားထုတ်လေသည်။ သို့ရာတွင်မအောင်မြင်ချေ။-
27. ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။