၄ ရာ 3:15-24 Common Language Bible (BCL)

15. ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-

16. သို့​ဖြစ်​၍​ဧ​လိ​ရှဲ​က``ထာ​ဝ​ရ​ဘု​ရား​က`ခြောက် သွေ့​လျက်​ရှိ​သည့်​ဤ​ချောင်း​တွင်​မြောင်း​များ​ကို တူး​လော့။-

17. သင်​တို့​သည်​မိုး​နှင့်​လေ​ကို​မ​တွေ့​မ​မြင်​ရ​သော် လည်း ဤ​ချောင်း​သည်​ရေ​ပြည့်​လိမ့်​မည်။ သင်​တို့​နှင့် သင်​တို့​၏​သိုး​နွား​များ​ဝန်​တင်​တိ​ရစ္ဆာန်​များ အ​တွက် သောက်​သုံး​ရန်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ လိမ့်​မည်' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ပြီ'' ဟု ဆို​၏။-

18. ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-

19. သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။

20. နောက်​တစ်​နေ့​နံ​နက်​ယဇ်​ပူ​ဇော်​နေ​ကျ​အ​ချိန်​၌ ရေ​သည်​ဧ​ဒုံ​ပြည်​ဘက်​မှ​စီး​ဆင်း​လာ​ပြီး​လျှင် မြေ​ပြင်​ကို​ဖုံး​လွှမ်း​လေ​၏။

21. ဘု​ရင်​သုံး​ပါး​တို့​စစ်​ချီ​လာ​ကြ​ကြောင်း​မော​ဘ ပြည်​သား​တို့​သိ​ရှိ​လာ​ကြ​သော​အ​ခါ သူ​တို့​သည် လက်​နက်​ကိုင်​ဆောင်​နိုင်​သူ​အ​ကြီး​ဆုံး​မှ​အ​ငယ် ဆုံး​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့​ကို​စု​ရုံး​စေ ၍ နယ်​စပ်​တွင်​နေ​ရာ​ယူ​စေ​ကြ​၏။-

22. နောက်​တစ်​နေ့​နံနက်​သူ​တို့​အိပ်​ယာ​မှ​နိုး​ထ​ချိန်​၌ နေ​သည်​ရေ​ပေါ်​တွင်​အ​ရောင်​ဟပ်​သ​ဖြင့် ရေ​ကို သွေး​ကဲ့​သို့​နီ​မြန်း​သော​အ​သွင်​ကို​ဆောင်​စေ​၏။-

23. မော​ဘ​ပြည်​သား​တို့​က``သွေး​တွေ​ပါ​တ​ကား။ ရန်​သူ့ တပ်​မ​တော်​သုံး​ခု​သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​သတ် ဖြတ်​ကြ​လေ​ပြီ။ ငါ​တို့​သွား​၍​သူ​တို့​၏​တပ်​စ​ခန်း ကို​လု​ယက်​ကြ​ကုန်​အံ့'' ဟု​ကြွေး​ကြော်​ကြ​၏။

24. သို့​ရာ​တွင်​ထို​တပ်​စ​ခန်း​သို့​သူ​တို့​ရောက်​ရှိ​လာ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က သူ​တို့​အား​တိုက်​ခိုက်​နှင်​ထုတ်​ကြ​လေ​သည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​ပြည် သား​တို့​အား ဆက်​လက်​လိုက်​လံ​သတ်​ဖြတ်​ပြီး လျှင်​သူ​တို့​၏​မြို့​များ​ကို​ဖျက်​ဆီး​ကြ​၏။-

၄ ရာ 3