11. ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
12. ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
13. ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
14. ဧလိရှဲက``ငါကိုးကွယ်လျက်နေသောအနန္တ တန်ခိုးရှင်ထာဝရဘုရား အသက်ရှင်တော်မူ သည့်အတိုင်းအကယ်၍ငါသည်ယုဒဘုရင် ယောရှဖတ်၏မျက်နှာတော်ကိုသာမထောက် ခဲ့သော်သင့်အားလှည့်၍ပင်ကြည့်မည်မဟုတ် ပါ။-
15. ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။စောင်းသမားသည်စောင်းတီး၍နေစဉ် ဘုရားသခင် ၏တန်ခိုးတော်သည်ဧလိရှဲအပေါ်သို့သက်ရောက် လာ၏။-
16. သို့ဖြစ်၍ဧလိရှဲက``ထာဝရဘုရားက`ခြောက် သွေ့လျက်ရှိသည့်ဤချောင်းတွင်မြောင်းများကို တူးလော့။-
17. သင်တို့သည်မိုးနှင့်လေကိုမတွေ့မမြင်ရသော် လည်း ဤချောင်းသည်ရေပြည့်လိမ့်မည်။ သင်တို့နှင့် သင်တို့၏သိုးနွားများဝန်တင်တိရစ္ဆာန်များ အတွက် သောက်သုံးရန်ရေအလုံအလောက်ရရှိ လိမ့်မည်' ဟုဘုရားသခင်မိန့်တော်မူပြီ'' ဟု ဆို၏။-
18. ထို့နောက်ဧလိရှဲသည်ဆက်၍``ဤအမှုသည် ထာဝရဘုရားပြုရန်လွယ်ကူသောအမှု ဖြစ်၏။ ကိုယ်တော်သည်မောဘပြည်သားတို့ အား သင်တို့၏လက်သို့အပ်တော်မူလိမ့်မည်။-
19. သင်တို့သည်ထိုသူတို့၏လှပသည့်ခံတပ်မြို့ များကိုသိမ်းယူ၍ သစ်သီးပင်ရှိသမျှကိုခုတ် လှဲပစ်ကြလိမ့်မည်။ သူတို့၏စမ်းရေတွင်းရှိသမျှ ကိုပိတ်ဆို့ကာ မြေကောင်းမြေသန့်ရှိသမျှတို့ ကိုကျောက်ခဲများနှင့်ဖုံး၍ဖျက်ဆီးကြလိမ့် မည်'' ဟုဆင့်ဆို၏။
20. နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။
21. ဘုရင်သုံးပါးတို့စစ်ချီလာကြကြောင်းမောဘ ပြည်သားတို့သိရှိလာကြသောအခါ သူတို့သည် လက်နက်ကိုင်ဆောင်နိုင်သူအကြီးဆုံးမှအငယ် ဆုံးတိုင်အောင် ရှိသမျှသောလူတို့ကိုစုရုံးစေ ၍ နယ်စပ်တွင်နေရာယူစေကြ၏။-
22. နောက်တစ်နေ့နံနက်သူတို့အိပ်ယာမှနိုးထချိန်၌ နေသည်ရေပေါ်တွင်အရောင်ဟပ်သဖြင့် ရေကို သွေးကဲ့သို့နီမြန်းသောအသွင်ကိုဆောင်စေ၏။-