၄ ရာ 25:18-22 Common Language Bible (BCL)

18. ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-

19. ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-

20-21. ဗာ​ဗု​လုန်​ဘု​ရင်​ရှိ​ရာ​ဟာ​မတ်​ပြည်​ရိ​ဗ​လ မြို့​သို့​ခေါ်​ဆောင်​သွား​ရာ​မင်း​ကြီး​သည် ထို​မြို့ တွင်​သူ​တို့​အား​ဒဏ်​ပေး​ပြီး​မှ​ကွပ်​မျက်​လိုက်​၏။ သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​တို့​သည်​တိုင်း​တစ်​ပါး သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ကြ​လေ​သ​တည်း။

22. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-

၄ ရာ 25