3. သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။
4. ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
5. သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
6. သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။-