19. ယောရှိမင်းသည်ဣသရေလပြည်အမြို့မြို့ အရွာရွာရှိ ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်တော်မူ၏။ ထိုဌာနများကိုတည်ဆောက် ခြင်းအားဖြင့် ဣသရေလဘုရင်တို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ သတည်း။ ယောရှိသည်ဗေသလမြို့တွင်ပြု တော်မူသကဲ့သို့ ထိုယဇ်ပလ္လင်အပေါင်းတို့ ကိုလည်းပြုတော်မူ၏။-
20. သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင် အမှုထမ်းသောယဇ်ပုရောဟိတ်အပေါင်းတို့ ကို မိမိတို့ယဇ်ပူဇော်သည့်ပလ္လင်များပေါ်တွင် တင်၍သတ်ပြီးလျှင် လူသေအရိုးတို့ကိုထို ပလ္လင်များအပေါ်တွင်မီးရှို့လေသည်။ ထိုနောက် မင်းကြီးသည်ယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
21. ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
22. ဣသရေလပြည်ကိုအုပ်စိုးခဲ့သောတရားသူ ကြီးများ၏လက်ထက်မှစ၍ အဘယ်ဣသရေလ ဘုရင်သို့မဟုတ်ယုဒဘုရင်မျှ ဤပသခါပွဲ မျိုးကိုကျင်းပခဲ့ဖူးသည်မရှိ။-
23. ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။
24. ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
25. ယခင်အခါများကယောရှိကဲ့သို့မောရှေ ၏ပညတ်ရှိသမျှကိုစောင့်ထိန်း၍ စိတ်စွမ်း၊ ဉာဏ်စွမ်း၊ အစွမ်းသတ္တိရှိသမျှနှင့်ထာဝရ ဘုရားအား ကိုးကွယ်သည့်ဘုရင်တစ်ပါးမျှ မပေါ်စဖူး။ သူ၏နောက်၌လည်းမပေါ်ခဲ့ ချေ။-
26. သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။-
27. ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
28. ယောရှိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာများအကြောင်းကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-