10. ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
11. မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
12. မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
13. ``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။
14. ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)