5. ထိုနောက်ငွေကိုဗိမာန်တော်ပြင်ဆင်မှုကြီး ကြပ်သူတို့ထံသို့ပေးအပ်ရန် သူ့အားပြော ကြားလော့။ ကြီးကြပ်သူတို့သည်၊-
6. လက်သမားများ၊ ဗိသုကာများနှင့်ပန်းရံ များ၏လုပ်ခကိုပေးရန်နှင့် ဗိမာန်တော်ပြင် ဆင်ရာတွင်လိုအပ်သည့်သစ်သားနှင့်ကျောက် ကိုဝယ်ရန်ထိုငွေကိုအသုံးပြုရမည်။-
7. ကြီးကြပ်သူတို့သည်လုံးဝယုံကြည်စိတ်ချ ရသူများဖြစ်သဖြင့် သူတို့အားစာရင်းအင်း များပြခိုင်းရန်မလို'' ဟုအမိန့်ပေး၍ ဗိမာန်တော်သို့စေလွှတ်လေ၏။
8. ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
9. ထိုနောက်သူသည်မင်းကြီးထံသို့ပြန်၍``အရှင် ၏အစေခံတို့သည်ဗိမာန်တော်မှငွေကိုယူ၍ ပြင်ဆင်မှုကြီးကြပ်သူတို့၏လက်သို့ပေး အပ်ပြီးကြပါပြီ'' ဟုလျှောက်ထားအစီရင် ခံလေသည်။-
10. ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
11. မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
12. မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
13. ``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။