၄ ရာ 22:12-17 Common Language Bible (BCL)

12. မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-

13. ``သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့ သွား​၍ ငါ​နှင့်​ယု​ဒ​ပြည်​သူ​လူ​အ​ပေါင်း​တို့ အ​တွက် ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့်​သွန် သင်​ချက်​များ​အ​ကြောင်း​ကို​မေး​လျှောက်​ကြ လော့။ ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို မ​လိုက်​နာ​မ​ပြု​ကျင့်​ကြ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက်​တော် မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

14. ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)

15-16. အမျိုး​သ​မီး​ပ​ရော​ဖက်​က​သူ​တို့​အား``မင်း​ကြီး ထံ​ဤ​သို့​ပြန်​ကြား​ကြ​လော့။ ထာ​ဝရ​ဘု​ရား က`ငါ​သည်​မင်း​ကြီး​ဖတ်​ရ​သည့်​ကျမ်း​စောင်​တွင် ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့ နှင့်​တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​သုတ် သင်​ဖျက်​ဆီး​မည်။-

17. သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သူ​တို့​သည်​ဤ အ​မှု​တို့​ကို​ပြု​ခြင်း​ဖြင့်​ငါ​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် မ​ငြိမ်း​နိုင်​သော​ဒေါ​သ​မီး​သင့်​လောင်​စေ​မည်။-

၄ ရာ 22