9. သို့ရာတွင်ယုဒပြည်သူတို့သည် ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ကြ။ ကိုယ်တော်၏လူမျိုးတော်အားခါနာန်ပြည် သို့ ဣသရေလအမျိုးသားတို့ချီတက်လာ ချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက် သည့်လူမျိုးတို့ထက်ပင် ပိုမိုဆိုးရွားစွာ အပြစ်ကူးလွန်ကြစေရန်မနာရှေရှေ့ ဆောင်လမ်းပြ၏။
10. ထာဝရဘုရားသည် မိမိ၏အစေခံ များနှင့်ပရောဖက်များမှတစ်ဆင့်၊-
11. ``မနာရှေသည်ဤစက်ဆုတ်ဖွယ်ကောင်းသော အမှုတို့ကိုပြုလေပြီ။ ခါနာန်အမျိုးသား တို့ပြုသောအမှုများထက်ပင် လွန်စွာပိုမို ဆိုးရွားသည့်အမှုတို့ကိုပြုလေပြီ။ သူသည် မိမိ၏ရုပ်တုများအားဖြင့် ယုဒပြည်သူ တို့အားအပြစ်ကူးလွန်စေရန်ရှေ့ဆောင် လမ်းပြ၏။-
12. သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။-
13. ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
14. မသေဘဲကျန်ရစ်သူတို့ကို ငါသည်စွန့်၍ရန်သူ များ၏လက်သို့အပ်မည်။ ရန်သူတို့သည်သူတို့ ကိုနှိမ်နင်း၍ သူတို့၏ဥစ္စာပစ္စည်းများကိုလု ယူကြလိမ့်မည်။-
15. ငါ၏လူမျိုးတော်သည်သူတို့၏ဘိုးဘေး များအီဂျစ်ပြည်ကထွက်ခွာလာချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ငါ့အားပြစ်မှားလျက် ငါ၏အမျက်တော်ကိုလှုံ့ဆော်နေကြသဖြင့် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
16. မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
17. သူကူးလွန်သည့်အပြစ်များအပါအဝင် မနာရှေလုပ်ဆောင်ခဲ့သော အခြားအမှုအရာ ရှိသမျှကိုယုဒရာဇဝင်တွင်ရေးထား သတည်း။-
18. မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
19. အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌နှစ်နှစ်မျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာယုမ္ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်ဖြစ်၏။-
20. အာမုန်သည်မိမိ၏ခမည်းတော်မနာရှေကဲ့ သို့ပင် ထာဝရဘုရားအားပြစ်မှားလေသည်။-
21. သူသည်ခမည်းတော်၏အကျင့်များကို အတုခိုး၏။ ခမည်းတော်ကိုးကွယ်သည့် ရုပ်တုတို့ကိုကိုးကွယ်၏။-
22. မိမိဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်ကာ ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်၏။
23. အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်း၌လုပ်ကြံကြ၏။-
24. ထို့ကြောင့်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။
25. အာမုန်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-