9. ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
10. ဧလိယက``သင်တောင်းသောဆုကိုပေးရန် မလွယ်ကူပါ။ သို့ရာတွင်သင်သည်ငါ့အားဆောင် ယူသွားသည်ကိုတွေ့မြင်ရပါလျှင် သင်တောင်း သောဆုကိုရလိမ့်မည်။ အကယ်၍သင်မတွေ့ မမြင်ရပါမူထိုဆုကိုရမည်မဟုတ်'' ဟု ဆို၏။
11. သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
12. ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-
13. ထိုနောက်သူသည်ဧလိယထံမှကျခဲ့သည့် ဝတ်လုံကိုကောက်ယူပြီးလျှင် ယော်ဒန်မြစ် သို့ပြန်လာ၏။-