15. ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
16. ``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
17. သို့ရာတွင်သူတို့သည်အကြိမ်ကြိမ်တောင်းပန် ကြသဖြင့် ဧလိရှဲသည်သူတို့အားခွင့်ပြုလိုက် လေသည်။ ထိုသူငါးကျိပ်တို့သည်သုံးရက်တိုင် တိုင် တစ်တောင်တက်ဆင်းရှာဖွေကြသော်လည်း ဧလိယကိုမတွေ့ကြ။-
18. ထိုအခါသူတို့သည်ယေရိခေါမြို့တွင် စောင့်လျက် နေသည့်ဧလိရှဲ၏ထံသို့ပြန်လာကြ၏။ ထိုအခါ ဧလိရှဲက``သင်တို့အားမသွားကြရန်ငါပြော သည်မဟုတ်လော'' ဟုဆိုလေ၏။