30. ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။-
31. ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
32. ``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။-
33. သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
34. ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။